ပိုးကိုက်အန်ဖတ်
23 Dec 2009 Leave a Comment
in ကဗျာ, အလင်းရုပ်ကြွင်းစာစုများ
“ပိုးကိုက်အန်ဖတ်”
တစ်ဘ၀စာ
ဝေဒနာအရည်တွေချည်း
လိမ့်သောက်ခဲ့တာ
ခေါင်းထဲမှာ ချာချာလည်
အသိစိတ်က
ငိုတစ်ဝက် ရယ်တစ်လှည့်နဲ့
ရင်ထဲမှာ ပျို့ တက်
ဆက်ထိန်းဖို့ကလည်း မတတ်တော့တာ
အန်ချပစ်လိုက်တဲ့အခါ
အမှားတွေအများဆုံးပေါ့ .. ။
အသက်ရှုခွင့်တွေ
ဈေးတက်ကြမ်းလိုက်တာ
ချွေချွေတာတာနဲ့ 
လိုအပ်မှရှူတာတောင်
ဝင်လာတဲ့လေတွေ
မာနခပ်ကြီးကြီးရယ် .. ။
ကံအကျိုးပေးသလောက်ပေါ့
အကြံဥာဏ်လေးတော့ပေးပါဦး
အစကတည်းက ဇာတ်သိမ်းမလှခဲ့တာ
အဆုံးမှာလက်ခုပ်သံသဲ့သဲ့
သောကမျက်ရည်တွေနဲ့ 
အနည်းငယ်တော့ပြုံးချင်သေးတယ် .. ။
မှောင်ချင်မှောင်ပါစေ ၊
အလင်းလည်းမတတာ့ဘူး
အခြေခံအကြောင်းပြချက်
သက်ပြင်းတွေတစ်ခွက်ပြီးတစ်ခွက်
ထွက်သက်ဝင်သက်တွေ
ရှောရှောရှူရှူပဲဖြစ်ချင်တယ် .. ။
ခါတိုင်းလိုပါပဲ
ဝေဒနာတွေပဲသောက်နေတာ
ဒီတစ်ခါ မအန်ဖို့ကြိုးစားပေမယ့်
ဒဏ်ရာတွေ နှင်းရိုက်သွားလို့
ရှိသမျှကို အန်ချလိုက်တာ
အမှားတင်မက
လတစင်းပါ
ပါသွားတော့တယ် ။ ။
ဧရာဝေး
အလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။ ၄င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။
လမ်းလျှောက်ထွက်တဲ့ည
11 Dec 2009 Leave a Comment
in ကဗျာ, အလင်းရုပ်ကြွင်းစာစုများ
ည
တိတ်ဆိတ်စွာ လောကကို
အိပ်မွေ့ ချ ။
ပထမ
စီးပွားရေးစစ်ပွဲ
ကားတိုက်ပွဲမှာ
ကျဆုံးသူအဖြစ်
ညကြီးပိုင်း မိခဲ့တယ် ။
ဒုတိယ
ဖြူလွှလွှ “လ”
အအေးအပူမမျှတဲ့ ရမ္မက်မှာ
အပေးအယူနဲ့ ရေမွှေးတချိုးတွေ့ ခဲ့တယ် ။
တတိယ
“ည” လူသားများ
မထူမခြားပြောတဲ့
စကားတစ်ချို့ ကြားခဲ့တယ် ။
စတုထ္ထ
မိုးလင်းဆိုင်ရဲ့ 
ကုလားထိုင်မှာ
ယိုင်တိုင်တိုင် လူသားတစ်ချို့ မြင်မိတယ် ။
အဲ့ဒီလို
“ည” ဟာတိတ်ဆိတ်မှုနဲ့
လောကကို အိပ်မွေ့ ချ
ပြီးမှ
သူ့ ဘ၀သူပြန်ကြည့်တယ် ။
ယာသစ်
ငါမြတ်နိုးသောငါ
11 Dec 2009 Leave a Comment
in ကဗျာ, အလင်းရုပ်ကြွင်းစာစုများ
“ငါမြတ်နိုးသောငါ”
ပွင့်အန်ထွက်လာတဲ့
နှလုံးသားချောင်းဆိုးသံဟာ
အူသံကင်းတဲ့ မြစ်တစ်စင်းပမာ
ငါ့ရင်ဘတ်ထဲ ခြောက်ခမ်းစေခဲ့တယ် ..
ပြာဝေေ၀ အသည်းတစ်ခြမ်းရဲ့ 
လွမ်းချင်းတွေဟာ
ရွှက်မဲ့လှေကို
ဦးတည်ချက်တွေ ဗြောင်းဆန်ခဲ့တယ် ..
လှပါတယ်ဆိုကြတဲ့
အညှိတက်အရေပြားတွေ
ပက်ကြားအက်ခဲ့ရင်
မျက်နှာလွှဲမဲ့သူတွေ အတော်များလိမ့်မယ် ..
ငါငတ်မွတ်တဲ့ စေတသိတ်တစ်စုံဟာ
အချိန်နဲ့တိုက်ရိုက်အချိုးကျခဲ့ရင်
ကဗျာစတွေ အခုကတည်းက
နုထားချင်တယ် ..
အခုလောလောဆယ်တော့….
အချိန်မဲ့ဇုံမှာ ငါနေထိုင်တယ် ။ ။
အရင်းကောက်ကြောင်း
08 Dec 2009 1 Comment
in ကဗျာ, အလင်းရုပ်ကြွင်းစာစုများ
“အရင်းကောက်ကြောင်း”
ချိန်ခွင်တစ်ခုမှာ
လျှာထိုးရာ အသာရမြဲဆိုပေမဲ့
အရင်းတစ်ခုရဲ့ ပကတိတွေ
ပြန်မယူနိုင်ဘူးလေ..
တကယ်တမ်း
ကောက်တမ်းနဲ့ စစ်ကြည့်
ကာလနဲ့အချိန်က
စကားတတ်ကြစမြဲ
အမြတ်ဆိုတဲ့
အတ္တတွေနောက်
ကောက်ကောက်ပါအောင်လိုက်ရင်းနဲ့
ရင်းနှီးနေတဲ့ တန်ဖိုးတွေက
တရိပ်ရိပ်တိုးပြီး
အမိုးထိုးလာမှပဲ
အရှုံးနွံထဲ နှစ်သထက်နှစ်မှန်း
သိလာရတော့တယ် ။ ။
ခေသင်
၎င်းအလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။၎င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။
……………………..
08 Dec 2009 1 Comment
in ကဗျာ, အလင်းရုပ်ကြွင်းစာစုများ
ဟိုတစ်ကွေ့ ထိတော့
အားတင်းလိုက်ပါ
နေမကျခင်
ဆောင်းနဖူးကို ရှောင်ကြရအောင်
တစ်ချို့ ပွင့် တစ်ချို့ ကြေ …
ပန်းတွေအလယ်မှာ
မဆိုင်သူမ၀င်ရ
မဖြစ်ရလေအောင်
လျှာရိုးအနည်းငယ်နဲ့ 
အိမ်မက်တွေလဲခဲ့ပါ .. .
အကြောင်းကြောင်းကြောင့်
အချိန်မှီ မရောက်ခဲ့ရင်
မှောင်ရိပ်မှာ ခဏစောင့်
လမ်းကြမ်းတွေ ရှင်းလင်း
တံတားတစ်ချို့ ခင်းပြီးမှ
ပြောစရာတွေကျန်ခဲ့ရင်
ဟိုတစ်ကွေ့ ထိတော့
အားတင်းပြီးလိုက်ခဲ့ပါ ။ ။
ညမ်း
၎င်းအလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။၎င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။