ကြေငြာချက်

ကျွှန်တော့ ဘလော့ အသစ်ပြောင်းလဲဖွင့်လှစ်ထားပါတယ် . . . . ကျော်ခွစရာမလိုတော့ပါဘူး

http://satonviolin.yolasite.com/ ပါ ………

လာလည်ကြပါဦး

ကျေးဇူးတင်ပါတယ်

ဈေးသည်

” ဈေးသည် “

အပေါ်ယံသကာများ
အဇ္ဈတ္တမှာ တမာခါးလို
နင် .. ငါ့ကို
ရိုင်းတယ်လိုဆိုချင်ဆို
ရိုက်ခတ်ခံထားရတဲ့
လောကဓံကြောင့်လည်း
စိတ်ဓါတ်တွေ
မပျော့ညံခဲ့ဘူး .. ။
ဖြစ် ပျက် သမျှ
ကံစီမံရာအတိုင်း ..
ငါက … ဈေးသည်
ကံကြမ္မာက … ဈေးဝယ်
ဝယ်သူက အမြဲမှန်တယ်လို့
သဘောပိုက်ထားတယ်
ဒါပေမယ့် … ငါလေ
တစ်ခါတစ်လေ
စိတ်မရှည်ချင်းဘူး …. ။
ဇူဇူး

MMGENIUS မှ ပဲခူးတွင်ရှိသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ စက်တင်ဘာလ ပထမအပတ်တွင် လိုအပ်သည်များကိုသွားရောက် လှူဒါန်းမည်ဖြစ်ပါ၍ ပါဝင်လှူဒါန်းလိုပါက ကျွှန်တော့ဆီသို့ မေလ်းဖြင့်ဆက်သွယ်၍ လှူဒါန်းနိုင်ပါသည်(phoenixfirefly12@gmail.com) ။ (စာရေးကိရိယာများလှူဒါန်းနိုင်ပါသည်)

ကိုယ်တိုင်ကိုယ်ကျ ပဲခူးမြို့သို့လိုက်ပါလှူဒါန်းနိုင်ပါသည် ။

လိုအပ်သည့် သတင်းအချက်အလက်များကို ဆက်လက်ဖြန့်ဖြူးပေးပါမည် . . .

မူးမယ်

“မူးမယ်”

တွေးမနေနဲ့

ဝေးခဲ့ရင်တောင်

ငေးနေရုံပါ ..

ဘာမှမဖြစ်ဘူး

ရူးခဲ့ရုံတင်လေးပဲ ..

ခပ်ပြင်းပြင်း နောင်တနဲ့

မူးမယ် တစ်သက်လုံး ……. ။

ကဏ

The Joker

“The Joker”

သင် …

Joker တစ်ယောက်ရဲ့မျက်နှာကို

သေသေချာချာကြည့်ခဲ့ဖူးပါသလား ?

သူဟာ

အမြဲတမ်းပြုံးရီနေပြီး

ကျွှန်တော်တို့ကို ပျော်ရွှင်မှုပေးခဲ့ပေမယ့်

သူ့မှာ

မျက်ရည်စီးကြောင်းနဲ့ …. ။

PN

တောင်းပန်တယ်

“တောင်းပန်တယ်”

ထပ်မပြောနဲ့

နားလည်ခဲ့တယ်

အရှုံးမှန်သမျှ

အပြုံးနဲ့ရင်ဆိုင်မယ်

မင်းပြောသမျှပေါ့

မပြီပြင်ခဲ့ရင်ခွင့်လွှတ်ပါ …။

ဟန်ဆောင်မှုမှာ

မွေးရာပါ

ငါမပါခဲ့ဘူး ..

မင်းဝမ်းသာဖို့

ငါဝမ်းနည်းပါမယ် ..

မေးပါရစေ

ဒီတစ်ယောက်ကိုမှ

အပြုံးနဲ့ကြိုဆိုရမလား ..

ရှုံးနေပြီဆိုကာမှ

ပြုံးပြရဦးမလား ..

ထွက်မယ်ဆိုသွားတော့

ဝေးခဲ့ရင် ငေးနေရုံတင်

ပြုံးမပြခိုင်းပါနဲ့ . . . ။

မနေ့ညကအိမ်မက်

မနေ့ညကအိမ်မက်

တစ်တောင်ဝင် တစ်တောထွက်

တရကြမ်းပြေးလွှားရင်း

အပြိုပြိုအလဲလဲတွေကြား

လက်စွပ်ပျောက်လိုက်ဖမ်းရင်း

ချောက်နက်နက်ထဲခုန်ချ

ကျောက်ဆောင်ပေါ်ကျတဲ့ခဏ

ချွှေးအလိမ်းလိမ်းနဲ့

အိပ်ရာနိုးခဲ့တယ် .. ။

ညိမ်ဝေးညီ

Vrolok သို့မဟုတ် အလင်းကြောက်သူရဲ့ညတစ်ည

Vrolok သို့မဟုတ် အလင်းကြောက်သူရဲ့ညတစ်ည

#22:02

လေထုရဲ့အသံဗလံတွေထဲ

ကွေးကောက်နေတဲ့လ

အချွှန်အတက်ကြယ်တွေကြား

ငါ ..

အလင်းမဲ့မီးစုန်းပါ … ။

#23:30

ချွှတ်ချွှတ်ချက်ချက်လေတိုးသံနဲ့

ခပ်ပြင်းပြင်းခွက်မှောက်တဲ့နောက်

အဆုံးသတ်အိပ်ယာဝင်ပုံပြင်တွေထဲ

ငါ ..

သံစဉ်မရှိတဲ့တီးလုံးပါ … ။

#00:46

ခပ်တိုးတိုးခွေးဟောင်သံနဲ့

တရေးနိုးခြေသံတွေကြား

လိုက်မမှီတော့လို့

ရပ်နေဆဲနေရာတွေနဲ့

ငါ ..

အဆုံးမသိတဲ့လမ်းကြားပါ … ။

#01:11

အရောင်မှိန်ညလင်းမီးရဲ့

အိုက်စပ်စပ်နံရံတွေကြား

ချာချာလည်ဒလက်တွေနဲ့

ငါ ..

ဆက်ငိုင်နေဦးမယ့်အရုပ်ပါ … ။

#02:55

ခပ်ကျဲကျဲကောင်းကင်ကြီးထဲ

ပြန်သူပြန် ကျန်သူကျန်နဲ့

အလင်းဖျော့ဖျော့တွေကြား

ငါ ..

မြောက်အရပ်မသိတဲ့ compass ပါ … ။

#03:49

ငှက်အော်သံတစ်ချက်တချက်နဲ့

တောင်ပံခတ်သံတဖျပ်ဖျပ်ကြား

ကျိန်းစပ်စပ်မျက်လုံးတွေနဲ့

ငါ ..

အိမ်မက်မမက်တဲ့တစ္တေပါ … ။

#04:28

ဟိုဘက်တွေး ဒီဘက်တွေး

တစ်ယောက်ထဲနယ်ချဲ့ရင်း

ကျဉ်းမြောင်းတဲ့ဝရံတာလေး

ဘောင်အကျော် ဒီတစ်ဘက်ရဲ့အခြား

ကျန်လိုက် ချန်လိုက်

ဖြုတ်လိုက်တပ်လိုက်နဲ့

ကန့်လကာတွေပိတ်

ရေးလက်စတွေသိမ်းလို့

ကျောခိုင်းရတော့မဲ့

မနက်ခင်းကို

ငါ ..

အလင်းကြောက်အရူးတစ်ယောက်ပါ … ။

ညိမ်ဝေးညီ

ပြီးဆုံးခြင်း

ပြီးဆုံးခြင်း

ငေးတယ်

ငေးချင်တဲ့နေရာကိုငေးတယ်

ငေးမယ့်ငေးတော့လည်း

ငေးချင်တာငေးမယ် .. ။

တွေးတယ်

တွေးချင်သလိုတွေးတယ်

တွေးမယ့်တွေးတော့လည်း

တွေးချင်တာတွေးမယ် .. ။

ဝေးတယ်

ချစ်သူနဲ့ဝေးတယ်

ဝေးမယ့်ဝေးတော့လဲ

မဝေးချင်တဲ့လူနဲ့မှ ဝေးခဲ့ရတယ် .. ။

ဒီလိုနဲ့

ရေးတယ်

ကဗျာတွေရေးတယ်

ရေးတတ်သလိုရေးတယ်

ရေးမယ့်ရေးတော့လဲ

ရေးချင်တာရေးမယ် .. ။

ဒီလို

ငေးရင်း ၊ တွေးရင်း ၊ ဝေးရင်း ၊ ရေးရင်း နဲ့

ကဗျာတစ်ပုဒ်ပြီးသွားတယ် .. ။

လေနတ်သား

လွဲမှားခြင်း

လွဲမှားခြင်း

မပြောရဲလို့  ၊ မပြောတတ်လို့

မပြောရက်လို့  ၊ ပြောမထွက်လို့

အတောမသတ်တဲ့ အလွမ်းတွေနဲ့အတူ

ခံစားမှုတွေရောယှက်ထားတဲ့ ကဗျာတစ်ပုဒ်ပါ ..

ဝမ်းနည်းခြင်းပေါ်မှာ အပြုံးမျက်နှာဖုံးတပ်လို့

အမည်ခံအဖြူရောင်ချစ်ခြင်းများ

ဟန်ဆောင်မှုတွေနဲ့

နေ နေခဲ့တာကြာပြီ ..

ရင်ထဲကဟစ်အော်နေတဲ့စကားလုံး

” ချစ်သူ “

ထိန်းချုပ်မရတော့လို့

ပေါက်ကွဲပစ်လိုက်တော့မယ်

သူ့အရှေ့မှာ..

အားခဲမှုတွေနဲ့

အကောင်းဆုံးစကားတစ်ခွန်း

နှုတ်ဖျားကထွက်ကျလာခဲ့တယ်

” သူငယ်ချင်း ” တဲ့ ။

လေနတ်သား

Previous Older Entries

Follow

Get every new post delivered to your Inbox.