ပြီးဆုံးခြင်း

ပြီးဆုံးခြင်း

ငေးတယ်

ငေးချင်တဲ့နေရာကိုငေးတယ်

ငေးမယ့်ငေးတော့လည်း

ငေးချင်တာငေးမယ် .. ။

တွေးတယ်

တွေးချင်သလိုတွေးတယ်

တွေးမယ့်တွေးတော့လည်း

တွေးချင်တာတွေးမယ် .. ။

ဝေးတယ်

ချစ်သူနဲ့ဝေးတယ်

ဝေးမယ့်ဝေးတော့လဲ

မဝေးချင်တဲ့လူနဲ့မှ ဝေးခဲ့ရတယ် .. ။

ဒီလိုနဲ့

ရေးတယ်

ကဗျာတွေရေးတယ်

ရေးတတ်သလိုရေးတယ်

ရေးမယ့်ရေးတော့လဲ

ရေးချင်တာရေးမယ် .. ။

ဒီလို

ငေးရင်း ၊ တွေးရင်း ၊ ဝေးရင်း ၊ ရေးရင်း နဲ့

ကဗျာတစ်ပုဒ်ပြီးသွားတယ် .. ။

လေနတ်သား

လွဲမှားခြင်း

လွဲမှားခြင်း

မပြောရဲလို့  ၊ မပြောတတ်လို့

မပြောရက်လို့  ၊ ပြောမထွက်လို့

အတောမသတ်တဲ့ အလွမ်းတွေနဲ့အတူ

ခံစားမှုတွေရောယှက်ထားတဲ့ ကဗျာတစ်ပုဒ်ပါ ..

ဝမ်းနည်းခြင်းပေါ်မှာ အပြုံးမျက်နှာဖုံးတပ်လို့

အမည်ခံအဖြူရောင်ချစ်ခြင်းများ

ဟန်ဆောင်မှုတွေနဲ့

နေ နေခဲ့တာကြာပြီ ..

ရင်ထဲကဟစ်အော်နေတဲ့စကားလုံး

” ချစ်သူ “

ထိန်းချုပ်မရတော့လို့

ပေါက်ကွဲပစ်လိုက်တော့မယ်

သူ့အရှေ့မှာ..

အားခဲမှုတွေနဲ့

အကောင်းဆုံးစကားတစ်ခွန်း

နှုတ်ဖျားကထွက်ကျလာခဲ့တယ်

” သူငယ်ချင်း ” တဲ့ ။

လေနတ်သား

ဧပရယ်ဖူးအတွေး

ဧပရယ်ဖူးအတွေး

တစ်လောကလုံးမှာ

နှစ်ယောက်မရှိအောင်

သုံးချင်ဖြုန်းချင်ပေမယ့်

လေးစားမယ့်လူမရှိတာမို့

ငါးဆယ်တစ်ရာလောက်တောင်မပေးချင်ကြဘူး ….

ခြောက်သွေ့နေခဲ့ရတာ

ခုနှစ်ရက်လောက်ရှိခဲ့ပြီ

ရှစ်ရက်မြောက်နေ့မရောက်မီ

ကိုးန၀င်းကျေအောင်တော့

တစ်ဆယ်ကျပ်လှူလိုက်တယ် … ။

တစ်ခုခုပဲ

နှစ်သစ်ကူးနေ့မှာ

သုံးစရာမရှိလို့

လေးကန်စွာထိုင်နေရတယ် ..

ငါးကန်ရဲ့ဘေး

ခြောက်ပေလောက်အကွာမှာပေါ့ ..

ခုနှစ်စင်ကြယ်ကိုကြည့်ရင်း

ရှစ်ခုမြောက်စာသားတစ်ခုကို

ကိုးကားချက်များစွာနဲ့

ဆယ်ယူလိုက်တော့မယ် … ။

တစ်ပုလင်းပဲရှိတော့တဲ့

နှစ်ချို့ဝိုင်ကို

သုံးခွက်လောက်သောက်ပြီး

လေးလံထိုင်မှိုင်းစွာနဲ့

ငါးကြော်တစ်ကိုက်ကိုစား

ခြောက်သွေ့သစ်ပင်က

ခုနှစ်ရွက်မြောက်သစ်ရွက်ကကြွေကျ

ရှစ်လုံးထိကြည့်ထားတဲ့

ကိုးလုံးရှိတဲ့ ပိုက်ဆံပေါ်ကဂဏန်း

ဆယ်ခါလောက်ကွဲခဲ့ဘူးတဲ့ နှလုံးသားလည်း ဒီမှာတင်ရပ် .. ။

Classical Newest PN

Follow

Get every new post delivered to your Inbox.