နာမည်မရှိ/အရောင်မစုံ
14 Mar 2010 1 Comment
in ကဗျာ, နေရာတစ်ခုက
“နာမည်မရှိ/အရောင်မစုံ”
အပြာရောင်မိုးကောင်းကင်အောက်
အစိမ်းရောင်မြက်ခင်းအပေါ်မှာ
အနက်ရောင်အကျီဝတ်ထားတဲ့ကျွှန်တော်က
ပန်းနုရောင်နှုတ်ခမ်းလေးနဲ့အတူ
အဖြူရောင်ဂါဝန်ဝတ်ထားတဲ့ကောင်မလေးကို
အရောင်မရှိတဲ့စကားတစ်ခွန်းပြောလိုက်တယ် …
…
အ၀ါရောင်တေးတစ်ပုဒ်နဲ့အတူ
အနီရောင်နေလုံးကြီးဝင်သွားခဲ့ပြီ
အော် ..
ငါ့အချစ်က
သက်တန့်လောက်တောင်အရောင်မစုံခဲ့ပါလားနော် … ။
PN
Mar 14, 2010 @ 20:25:52
ကောင်းတယ် ရေးထားတာလေးက
တွေးစရာလေးတွေပေးတယ် အိုင်ဒီယာတခုပေါ့